Below is the post that I found on Facebook. (it was fun for me, at least)
Every single view unfortunately matches with general public and is balanced between both genders.
Thanks to the friend who post it, I would like to share this with people who haven't read it and who have read it and would like to read this again. :)
မိန်းကလေးများသာဖတ်ရန်(ယောက်ျားလေးများ မဖတ်ပါနဲ့)
on မတ် 23, 2010 at 8:19am
* သတင်းပို့မယ် View
မှတ်ချက်။
ဒီ post လေးကို ကေ့သူငယ်ချင်း ၁ယောက်က Fwd Mail အနေနဲ့ ပို့ပေးထားတာပါ...ကေ ဖတ်ပြီးပြီးချင်း သဘောကျလို့ တင်လိုက်တာပါ..တင်ရင်းနဲ့ဘဲ ကေ စဉ်းစားမိတယ်..ဒီPost ကို မိန်းကလေးတွေ ထောက်ခံကြမယ်လို့လေ..တစ်ဆက်ထဲဘဲ ယောက်ျားလေးတွေကတော့ ဆင်ခြေတွေကို Comment မှာ အပြည့်ရေးသွားကြမယ်လို့ ထင်ပါတယ် :) ဒါကြောင့် မိန်းကလေးများသာဖတ်ရန်(ယောကျာ်းလေးများ မဖတ်ရ)လို့ ကေရေးခဲ့တာပါ..ယောက်ျားလေးများ မကြိုက်ရင်လည်း သည်းခံပေးကြပါလို့ ကြိုတင် တောင်းပန်ရင်း..... :P
----------------------------------------------------------------------------------------------------------------------------------------------------------------------
အော် .............ယောက်ျား........ယောက်ျား.......
ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် .... '
သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့
အဲလိုမှ မလုပ်ပြန်ရင်လဲ ... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့
သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ...
လို့
အဲလိုမှ မ၀တ်ပြန်ရင်လဲ ' တိုက်ဂေါ 'တဲ့
သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့
ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ...ငါလိမ့်ချင်သလို
လိမ့်လို့ရပါတယ် ' ...တဲ့
သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့
သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့် '...တဲ့
သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ
ရေနွေးအိုးတအိုးနဲ့ တစ်နေ့လုံးထိုင်ပြီး...ဒီစော်က
ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...အခုမှ
အထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်
သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့
တရားဝင် အနိုင်ကျင့်လာပါလိမ့်မယ်....
ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါက
ပိုင်ပါတယ်ကွာဆိုပြီး နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....
အဲလို အမူအရာမပြပြန်တော့လဲ ... ' မင်းကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ
'...တဲ့
အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့
မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့ '...တဲ့
သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' ယောက်ျားကို
လွှမ်းမိုးမယ့်မိန်းမ ' ...လို့
သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့
ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ '...လို့
သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့
မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ် ...'
ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့
သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့
သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ '...လို့
သူအောင်ရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့
သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ... '
အကြင်နာတရားမဲ့တဲ့လူ ' ...လို့
သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့
သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ......၀လာမှာ
စိုးလို့နည်းနည်းပဲစားတဲ့......
ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့
ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ
မလိုက်တစ်ခါ ရှိခဲ့ပါမူ...
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏( blog တွေလည်း လျှောက်ရေးတတ်၏် ..)တဲ့......
ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......မင်းကို
ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါတဲ့........(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)
ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ'
...လို့..မပို့ပြန်ရင်လည်း ... ' အတ္တသမားတွေ ' ...တဲ့
ယောက်ျားမကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်းတို့ ကို
ချစ်လွန်းလို့ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်ကိုရေးထားတာနော် ဒါပေမယ့်
ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်
သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ်နော် ။
=======================================================
အောင်ကျော်ဇေယျာမိုးဟိန်းထွန်း Comment by အောင်ကျော်ဇေယျာမိုးဟိန်းထွန်း
=======================================
ယောက်ျားလေးများသာဖတ်ရန်...( မိန်းကလေးများ မဖတ်ပါနဲ့  )
--------------------
အော် .............မိန်းမ........မိန်းမ....... ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် .... ' လိုက်ကြောင်နေတာ ' ... လို့ အဲလိုမှ မလုပ်ပြန်ရင်လဲ ... ' ယောက်ျား ဖြစ်ပြီးတော့အထာကြီးနဲ့ ' ... တဲ့ သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ... လို့ အဲလိုမှ မ၀တ်ပြန်ရင်လဲ ' အဆင့်ကိုမရှိဘူး 'တဲ့ သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' ယောက်ျား ဖြစ်ပြီးတော့ မိန်းမနဲ့ပြိုင်ငြင်းတယ် '...လို့ ငြိမ်နေပြန်တော့လဲ ... ' ကြောက်လို့ ' ...တဲ့ သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငလယ် '...လို့ သူကများ ပိုတော်နေရင်တော့လဲ ...' မကျိုးစားချင်ဘူး '...တဲ့ သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " တစ်နေ့လုံးထိုင်ပြီး...ဒီဘဲက ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါ့ကိုဘယ်လိုလိုက်ခဲ့တာ ။ ခုမှ အထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ် သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့ တရားဝင် အနိုင်ကျင့်လာပါလိမ့်မယ်.... ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' တွေ့လားငါ့ဘဲက မီးသေပြီးသား ' တဲ့.... အဲလို အမူအရာမပြပြန်တော့လဲ ... ' ရှင်ကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ '...တဲ့ အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ဒါလေးတောင်ကိုယ့်ဟာကိုမရှင်းနိုင်ဘူး '...လို့ မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့ '...တဲ့ သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' မချစ်လို့ ' ...တဲ့ သူကများ အော်ငေါက်ရင်တော့ ' ချစ်လို့ '...တဲ့ ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' သစ္စာမရှိ ကတိမတည်တဲ့လူ '...လို့ သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့ ယောက်ျားလေး......... Game center သွားမိရင် ပြောပါလိမ့်မယ် ...' Game center ကိုသွားလုပ်ကျွေးနေတာ '..လို့ သူ shopping ထွက်တာကျတော့ ...' အပျင်းပြေပါ '...တဲ့ သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ '...လို့ သူအောင်ရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့ သူ့ကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ... ' အကြင်နာတရားမဲ့တဲ့လူ ' ...လို့ သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့ သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ......ထမိန်နားခိုစားတာတဲ့...... ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် မိန်းမကိုတောင်ကူပြီးမရှင်းပေးချင်ဘူး တဲ့။ သူ၏အကြိုက် ၁၀ လိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲမှတ်ယူ၏။ မဃဒေ၀လကာင်္မှာ မိန်းမတွေကို ဒီလိုပြောထားတာပဲရှိပါတယ်။ ရည်းစားသက်တမ်းကြာလာလို့ ရှိရင်ပြောပါလိမ့်မယ် ဘယ်လိုလုပ်ပြီးရှင်လိုယောက်ျား ကိုကြိုက်မိသွားလဲမသိဘူး။ ဆိုပြီးအပြစ်တွေတစ်ခုပြီးတစ်ခုထောက်ပြပါလိမ့်မယ်........(ဗလောင်းဗလဲ ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............) ဒီစာကို မိန်းမ တွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ' ...လို့..မပို့ပြန်ရင်လည်း ... ' ဟုတ်မှမဟုတ်တာ ' ...တဲ့ မိန်းမ မကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်း .။ မိန်းမတိုင်းတော့မဟုတ်ပါဘူး.။ သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ် ။ မှတ်ချက် ရန်ဖြစ်ချင်လို့မဟုတ်ပါ။ မိန်းကလေးတွေ ချည်းပဲသနားစရာ ဘ၀ ရှိတာမဟုတ်တာ ကို အသိပေးခြင်းသာ ဖြစ်ပါသည်။
မKရေ““သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ်နော် ။””ဆိုလို့အဲလိုလေးလည်းရှိတယ်လို့ပြောတာပါနော်။
စိတ်မရှိပါနဲ့အဓိကကယောင်္ကျား၊မိန်းမနဲ့ဆိုင်တာထက်လူရဲ့ခံယူတဲ့အပေါ်မှာသာမူတည်တာပါခင်ဗျာ။
မျှမျှတတတွေးကြရရင်ပျော်ရွှင်စရာငြိမ်းချမ်းစရာလေးပါဗျာ။
သူငယ်ချင်းနစ်ယောက်အပြန်အလှန်ရေးတာလေးသဘောကျလို့ သူငယ်ချင်းတွေလည်း
ဖတ်ရအောင်ကူးပြီးတင်ပြပေးလိုက်ပါတယ်၊
Saturday, March 27, 2010
Subscribe to:
Posts (Atom)